တန့်ယန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံအဆင့်) သင်တန်းအမှတ်စဉ်( ၁/၂၀၂၅ ) ဖွင့်လှစ်

တန့်ယန်း မေ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းမှ ကြီးမှူးကာ ရှေးဦးပြုစုခြင်း(အခြေခံအဆင့်) သင်တန်းသင်တန်းအမှတ်စဉ်( ၁/၂၀၂၅ )ကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ အမှတ်(၅)ရပ်ကွက် ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်း (အခြေခံအဆင့်) သင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဦးစိုင်းစံလှထွန်းနှင့် နည်းပြသုံးဦးတို့က လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှ (၃)ရက်ကြာမြင့်မည်ဖြစ်ကာ သင်တန်းသို့ စိတ်ပါဝင်စားသူ(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)