မိုင်းရယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးသီတင်းတစ်ပတ် ဆိုင်းဘုတ် စိုက်ထူဖွင့်လှစ်

မိုင်းရယ် မေ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေး သီတင်းတစ်ပတ် ဆိုင်းဘုတ်စိုက်ထူ ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်‌‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်း‌အောင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်တင်မာ‌ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာမြို့နယ်ပညာရေးမှူး ဒေါ်တင်မာ‌ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မ များ၊ ပညာရေး ကော်မတီဝင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်ရေးအသင်းဝင်များက ကျောင်းအပ်နှံရေး ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခဲ့ကြသည်။

မိုင်းရယ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးဆိုင်းဘုတ်များကို ဆက်လက်စိုက်ထူသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရေး သီတင်းတစ်ပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)