ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးနှင့်ဥပဒေရေးရာအကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုင်ခေါင်ကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမျိုးသမီးနှင့်ဥပဒေရေးရာအကြောင်း အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ ခန်းမ၌ ပြုလုပ်ခဲ့သည်။