ဆီဆိုင် ဇူလိုင် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
ဦးစွာ တက်ရောက်လာသူများမှ တစ်ဦးချင်းလိုက်ရင်းရင်းနှီးနှီးမိတ်ဆက်ကြပြီး မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်ချိုချိုသန်းက မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာကဏ္ဍများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုတို့ကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ အမျိုးသမီးများ၏အခွင့်အရေး၊ ကျား/မတန်းတူညီမျှရေးနှင့် သက်မွေးပညာရပ်ဆိုင်ရာလုပ်ငန်းများစသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)