မိုးနဲမြို့နယ်၌ အမျိုးသမီးများအပေါ်ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

မိုးနဲ ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ပြဘုတ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၉ နာရီခွဲအချိန်က အမျိုးသမီးများအပေါ်ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါနံရံကပ်စာစောင်တွင် အမျိုးသမီးများ အကြမ်းဖတ်ခံရမှုဖြစ်စဉ်များ၊ အကြမ်းဖက်ခံရမှုကြောင့် နောက်ဆက်တွဲခံစားရသည့် စိတ်ပိုင်းဆိုင်ရာအခြေအနေများ၊ အကြမ်းဖတ်မခံရစေရန် ရှောင်ရှားသင့်သည့်အချက်များအစရှိသည့် အကြောင်းအရာများနှင့် အမျိုးသမီးငယ်လေးများ သတိပြုလိုက်နာရမည့်အချက်များကို ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရာ လမ်းသွားလမ်းလာပြည်သူများမှ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုးနဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လမ်းသွားလမ်းလာပြည်သူများသိရှိစေရန် လိုက်နာရှောင်ရှားသင့်သည့်အကြောင်းအရာများကို ရုံးရှေ့မြေစိုက်ပြဘုတ်တွင်စဉ်ဆက်မပြတ်ပြသပေးလျက်ရှိသည့်အပြင် အခြေခံပညာကျောင်းများတွင်လည်း ကွင်းဆင်း၍ ဟောပြောပွဲများ အသိပညာပေးလုပ်ငန်းများ၊ နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဇင်ကိုကို(ပြန်/ဆက်)