ရပ်စောက် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ရောင်ခြည်ဦးကျေးရွာ၊ ရောင်ခြည်ဦး စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား(၃၁)ဦးတို့၏ မိုးစပါးစိုက်ဧကပေါင်း (၃၂၁.၅) ဧကရှိရာ ကျပ်(၆၄၃)သိန်း တန်ဖိုးရှိသော စပါးမျိုးနှင့် သွင်းအားစုများ ထောက်ပံထားရှိပြီး အသင်းသားများ၏ စိုက်ဧကများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ ကြိုးတန်းစနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအား ရပ်စောက်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်နှင့် မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အဖွဲ့တို့နှင့် ကွင်းဆင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် စပါးခင်းများအား ကွင်းဆင်းကြည့်ရှု၍ ပန်းတိုင်ထွက်နှုန်း ပြည့်မှီစေရေးနှင့် သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်