ရှမ်းပြည်နယ်

မူဆယ်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီ ကတိသစ္စာ ခံယူပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံး အရောင်များ သတ်မှတ်ခြင်း အသိပညာပေးသရုပ်ပြ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ဈေးဆိုင်များက ထွက်ရှိသည့် အမှိုက်များအား အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးအရောင်များ ခွဲခြားသတ်မှတ်ခြင်း အသိပညာပေး သရုပ်ပြခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မူဆယ်မြို့၊ အမှတ်(၁)ဈေးနှင့် အမှတ် (၂) ဈေးများအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၁)ရပ်ကွက်၊ ဓမ္မဝိမုတ္တိဓမ္မာရုံ၌ ကျင်းပခဲ့သည်။

တောင်ကြီးတက္ကသိုလ်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြသခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်း ကျောင်း၌ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ မြန်မာ-ထိုင်း ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-ထိုင်း ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ 1G1 Hotel အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဗီဒီယိုကလစ်ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့အတွင်းရှိ ပြည်သူများနှင့် ကျောင်းသားလူငယ်များအား အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဈေးရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ ပင်စင်စား(အငြိမ်းစား)ဝန်ထမ်းများအား UID(Unique Identity) ဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ပင်စင်စား(အငြိမ်းစား) ဝန်ထမ်းများအား UID (Unique Identity) ဆောင်ရွက်ပေးခြင်း ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တန့်ယန်းမြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်းကျောင်းတွင် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်း ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်းလွန်ကျောင်း၏ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ် ဆက်ကပ်လှူဒါန်းကြသည်။

ရပ်စောက်၌ မြို့နယ်သမဝါယမအသင်းစု လီမီတက်ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော သမဝါယမ အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများ ပံ့ပိုးထောက်ပံ့ခြင်း အခမ်းအနားကျင်းပ

မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ ရွှေဝါဝင်းနှင့် နောင်မှိုင်းမျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်း(၂)သင်းမှ မိုးစပါးသီးနှံစိုက်ပျိုးသော အသင်းသားတောင်သူများ၏  (၂၆၈)ဧကအတွက် ကျပ် (၅၃၆)သိန်းနှင့်ညီမျှသော သွင်းအားစုများနှင့် ရပ်စောက်မြို့နယ်သမဝါယမအသင်းစုမှ ထုတ်လုပ်သော စွမ်းထက်သဘာဝမြေသြဇာများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ပေးအပ်ခဲ့ရာ ရပ်စောက်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်နှင့်  မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်သန်းတို့မှ မိုးစပါးသီးနှံစိုက်ပျိုးရာ၌ တောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေး သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထွက်ရှိလာသောစပါးများ ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရေးနှင့် ရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် စျေးကောင်းရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Subscribe to ရှမ်းပြည်နယ်