ရှမ်းပြည်နယ်

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအား ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် လူနေမှုဘဝ တိုးတတ်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်ရည်ရွယ်၍ စာရေးဆရာ သတိုးနွယ်၏ “အရှုံးကို မကြောက်နဲ့နှင့် စိတ်ခွန်အားဖြည့်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇူလိုင်လ (၂၁) ရက်နေ့ မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ စဉ်ဆက်ပညာရေး စာသင်ဝိုင်းသင်ကြားနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး၊ ဆိုလာမီးသီးနှင့် White Board များပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးလက်​နေပြည်သူများနှင့် တိုင်းရင်းသားများအတွက် သင်ယူသူများ၏ အ​ရေးစွမ်းရည်ပိုမိုတိုးတက်လာ​စေ​ရေး၊ စာဖတ်ရှိန်မြှင့်တင်​ရေးနှင့် စဥ်ဆက်ပညာ​​ရေးအစီအစဥ်မှတစ်ဆင့် ဘဝတစ်သက်တာသင်ယူ​လေ့လာ​နေသူများ ဖြစ်ထွန်းလာ​ရေး စသည့်ရည်ရွယ်ချက်များဖြင့် အ​ကောင်အထည်​ဖော် ဆောင်ရွက်လျက်ရှိသည့် စဥ်ဆက်ပညာ​​ရေး စာသင်ဝိုင်းသင်ကြားနေမှု၊ ဆိုလာမီးသီးနှင့် White Board များပေးအပ်ခြင်းကို ယမန်နေ့ညနေ (၆) နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ စခွီကျေးရွာနှင့် ရန်ကင်း ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။

တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ် (၃) ဆက်လက် ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ် (၃) ကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ)သုံး ထပ်စာသင်ဆောင်ရှေ့တွင် သစ်တောဦးစီးဌာန ခရိုင်အဆင့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်အားပေးခဲ့သည်။

အ.ထ.က(မိုင်းကိုင်)၌ ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်စဉ်များအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းခံရမှုများမရှိစေရေး ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်စဉ်များအကြောင်း အသိပညာပေးဟောပြောပွဲ ယမန်နေ့ မွန်းလွှဲပိုင်းက အ.ထ.က(မိုင်းကိုင်) မြတ်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လင်းခေးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကကြီးမှူး၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လင်းခေးမြို့(နွယ်ဝတီ) ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တာလေမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြင့်တင်ရေးလုပ်ငန်းများနှင့် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန်  အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၂)နာရီချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပန်းချီဆွဲပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မူဆယ်မြို့အတွင်းနေထိုင်လျက်ရှိသော အများပြည်သူများနှင့် ကျောင်းသားလူငယ်များအား မိမိတို့ ကိုင်ဆောင်အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းများမှတစ်ဆင့် လိမ်လည်ခြင်းများကို သိရှိနိုင်စေရန်နှင့် လိမ်လည်ခြင်းခံရပါက အသိသတိရှိရှိဖြင့် ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ချယ်ရီခန်းမတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်တရားဒေသ၌ မိုးကြိုအာလူး အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီးပတ်ဝန်းကျင်ဒေသ၌ ဧပြီလနှင့် မေလတွင် စိုက်ပျိုးသည့် မိုးကြိုအာလူး အောင်မြင်စွာဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
Subscribe to ရှမ်းပြည်နယ်