ရှမ်းပြည်နယ်

တောင်ကြီးမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ရက်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင်းရှောက်မှုများ ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်း ကွင်းဆင်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၃၆) ကျောင်းမှ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၂၄၃၉) ဦးအား ဇူလိုင်လအတွင်း အခြေခံကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် အာဟာရအခြေအနေ စစ်ဆေးပေးခြင်း၊ ပဏာမမျက်စိစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးကုသခြင်းနှင့် KG ကလေးငယ်များအတွက် သွားတိုက်ဆေး၊ သွားတိုက်တံထောက်ပံ့ခြင်း၊

ရပ်စောက်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား Unique Identity(UID)ကတ် ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အငြိမ်းစားမိဘပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လူပုဂ္ဂိုလ် မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စေရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID (Unique Identity) Smart Card ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျိုင်းတုံမြို့နယ် နမ့်ခင်ချောင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုကာကွယ်ရေး ချောင်းများ သဲနုန်းတူးဖော်ခြင်း၊ ‌ချောင်းပေါင်ဆင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုရှိ နမ့်ခင်ချောင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် သဲနုန်းတူးဖော်ခြင်း၊ ချောင်းပေါင်ဆင့်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် နမ့်ချောင်းအနီးပတ်ဝန်းကျင်ရှိ ကျိုင်းတုံမြို့ပေါ် အမှတ်(၅)ရပ်ကွက်၊ ကန်နားလုံရပ်၊ ကျိုင်းဖောင်း၊ တာလျှပ်၊ ကျန်ဆက်ကျေးရွာများနှင့် ချောင်းအနီးရှိ လယ်ယာမြေများ ရေကြီးရေလျှံနစ်မြုပ်မှုကာကွယ်ရေးနှင့် ချောင်းရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် နမ့်ခင်ချောင်း၊ ကျိုင်းဖောင်းရွာအနီးမှ ဝမ်‌နောင်ကျေးရွာအထိ အရှည်ပေ ၉၅၀၀ ပေ သဲနုန်းတူးဖော်၊ ပေါင်ဆင့်ခြင်းလုပ်ငန်းများကို ဧပြီလ ၂၃ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွိုင်လင်မြို့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Unique Identity(UID)ကတ်များ ပြုလုပ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လွိုင်လင်မြို့နယ်ရုံး လက်ထောက်မြို့နယ်ဦးစီးမှူး ဦးအမ်ဒီအိုင်ဇက်နှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (Unique Identity)ကတ်များပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

နမ့်စန်မြို့ အ.ထ.က(မြို့မ)ကျောင်းတွင် ဘင်ခရာသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့၌ မျိုးစေ့ထုတ်စံပြစိုက်ကွက်လုပ်ငန်းများအတွက် ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စံပြစိုက်ကွက်လုပ်ငန်းများအတွက် ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များ ဆက်လက်ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များကို မြို့နယ် ကျောက်တိုင်အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်ထုတ်ယူသည့်ဘဏ်၌ (UID)ကတ်များ ပြုလုပ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်ထုတ်ပေးသည့်  မိုးနဲမြန်မာ့စီးပွားရေးဘဏ်တွင် (UID)စက်ဖြင့် UID(smart)ကတ်များကို ယခုလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်