နမ့်စန်(တ) ဇူလိုင် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များကို မြို့နယ် ကျောက်တိုင်အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
နံနက် ၈ နာရီချိန်တွင် ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် အ.ထ.က-ခွဲ (လေတပ်) အသင်းနှင့် အ.ထ.က (နမ့်စန်) အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က (နမ့်စန်) က ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ၍ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။
ဆက်လက်၍ နံနက် ၁၀ နာရီတွင် ဒုတိယပွဲအဖြစ် အ.ထ.က (ခိုလမ်) အသင်းနှင့် ပန်းပျိုးရတနာမြေ ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ပန်းပျိုးရတနာမြေအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်သွားကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)