လွိုင်လင် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လွိုင်လင်မြို့နယ်ရုံး လက်ထောက်မြို့နယ်ဦးစီးမှူး ဦးအမ်ဒီအိုင်ဇက်နှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (Unique Identity)ကတ်များပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အငြိမ်းစားမိဘပြည်သူများ၏ ပင်စင်လစာငွေများထုတ်ယူရာတွင် ခေတ်မီနည်းပညာ အသုံးပြုစိစစ်ဆောင်ရွက်နိုင်ရေးအတွက် Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှထုတ်ပေးထားသည့် e-ID Smart Card စနစ်သို့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ e-ID (Smart Card) မပြုလုပ်ရသေးသည့် အငြိမ်းစားများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး