ရှမ်းပြည်နယ်

မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမ စုရပ်နေရာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပင်လုံတက္ကသိုလ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ် ဘက်စုံခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး VIDO Clip နှင့်ပတ်သက်၍ မိတ်ဆက်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

မိုင်းခတ်မြို့၌ နမ့်လွေချောင်းရေကျော်မှုကြောင့် အရေးပေါ်လူနာများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ခရီးသွားပြည်သူများအား ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းမိုင်တိုင်အမှတ် 74KM နှင့် 75KM အကြားတွင် နမ့်လွေချောင်းရေကျော်မှုဖြစ်ပွားခဲ့ရာ ယာဉ်များဖြတ်သန်းသွားလာခွင့် ခေတ္တရပ်နားထားခဲ့ရကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် မြေနိမ့်ပိုင်းကျရောက်သော နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွား

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုခြင်းနှင့် တောင်ကျရေအများအပြားကျဆင်းမှုကြောင့် ရေစီးမြောင်းများမှတဆင့် ရေကြီးရေလျှံကာ မြေနိမ့်ပိုင်းကျရောက်သော နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကလောမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီးတောင်ကျရေများ စီးဝင်မှု‌ကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေကြီး၊ ရေလျှံမှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၌ ဇူလိုင်လ ၂၆ ရက် ညပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီးတောင်ကျရေများ မြှင့်တက်လာမှု‌ကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ယမန်နေ့ နံနက် ၇ နာရီမှစ၍ လူနေအိမ်များနှင့် ဌာနဆိုင်ရာရုံးများသို့ ရေများဝင်ရောက်လာရာ အမြင့်ဆုံးဝင်ရောက်မှုမှာ ၂ ပေ ကျော်လွန်ကာ အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် လမ်းမအချို့နေရာများ ရေအနည်းငယ်လွှမ်းကျော်မှုဖြစ်ပေါ်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေပြင် အနည်းငယ်မြှင့်တက်လာပြီး ညောင်ရွှေမြို့‌ပေါ်ရှိ ရပ်ကွက်အချို့နှင့် လမ်းမအချို့နေရာများတွင် ရေအနည်းငယ်လွှမ်းကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ပင်လောင်းမြို့နယ်အတွင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့်နေရာများသို့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့်နေရာများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)နှင့် DRRD QC အဖွဲ့တို့က ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် ညောင်းကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ညောင်းကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ စိုးရိမ်ရေမှတ်အထက် (၆) ပေကျော်ရောက်ရှိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဇူလိုင်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ယွန်းချောင်း၊ မယ်ခေါင်ချောင်းနှင့်မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုများကြောင့် ယမန်နေ့ နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်အထက်(၆)ပေကျော် သို့ရောက်ရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ရေဘေးကြုံတွေ့နေရသည့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ချောင်းရေများ ဆက်လက်မြင့်တက်လာလျက်ရှိသဖြင့် သက်ဆိုင်ရာဌာနများက ရေဘေးအန္တရာယ် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ မိုးစပါး၊ မျိုးစေ့ထုတ်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့နှင့် သွင်အားစုဓါတ်မြေဩဇာပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မိုးစပါး၊ မျိုးစေ့ထုတ်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုဓါတ်မြေဩဇာ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Subscribe to ရှမ်းပြည်နယ်