ကလော ဇူလိုင် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၌ ဇူလိုင်လ ၂၆ ရက် ညပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီးတောင်ကျရေများ မြှင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ယမန်နေ့ နံနက် ၇ နာရီမှစ၍ လူနေအိမ်များနှင့် ဌာနဆိုင်ရာရုံးများသို့ ရေများဝင်ရောက်လာရာ အမြင့်ဆုံးဝင်ရောက်မှုမှာ ၂ ပေ ကျော်လွန်ကာ အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး ကလောချောင်းရေ မြင့်တက်လာခြင်းနှင့် တောင်ကျရေများ စီးဆင်းလာခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသည့် မြို့ပေါ်ရပ်ကွက် (၂)နှင့် ရက်ကွက်(၄)တို့တွင် မြေနိမ့်ပိုင်းနေရာများသို့ ချောင်းရေများ ဝင်ရောက်လျက်ရှိရာ ကလောတပ်နယ်ကျောင်းအုပ်ကြီး၊ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်များနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်သည့် ရေကြီးရေလျှံမှု ဘေးအန္တရာယ်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေးခြင်း၊ မြို့မပရိယတ္တိစာသင်တိုက်တွင် ရေနစ်မြုပ်အိမ်ခြေ (၂၀၀) ကျော်ခန့် ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အချို့ပြည်သူများက နီးစပ်ရာ ဆွေမျိုးအိမ်များသို့ ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
ရေကြီး၊ ရေလျှံမှုကြောင့်ဝင်ရောက်မှုကြောင့် ကလောမြို့၊ အ.ထ.က(၁)၊ အ.မ.က (၇)၊ အ.ထ.က(၂)ကျောင်းများ ယာယီပိတ်ထားရ ပိတ်ထားရပြီး အ.ထ.က(၂)သည် ရေနစ်မြှုပ်မှု မရှိသော်လည်း ရေဝင်ရပ်ကွက်များမှ ကျောင်းသား/သူများ ကျောင်းတက်ရောက်နိုင်မှုမရှိ၍ ပိတ်ထားရခြင်းဖြစ်ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်/ဒဏ်ရာရမှု မရှိပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)