ပင်လောင်း ဇူလိုင် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့်နေရာများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)နှင့် DRRD QC အဖွဲ့တို့က ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် နောင်တရား-မီးလောင်ကုန်း-နန်းပါလင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ နောင်ကောက်-ခေါ်ပင်လမ်းပေါ်ရှိ ပေ(၃၀) တံတားတစ်စင်းနှင့် ထီနဲ့-ထီတမောင်းလမ်းပေါ်ရှိ ပေ(၃၀)တံတားတစ်စင်းလုပ်ငန်းများ၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆည်ခေါင်း-နောင်မွန်-နောင်လင်-ဘန့်ပြင်-လုံးပိုး ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်ရှိ ပေ (၄၀) တံတားတစ်စင်း၊ သံတဲ-ဘုရာပေါ်-မြေနီကုန်းလမ်းပေါ်ရှိ ပေ(၄၀) တံတားတစ်စင်းတို့ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)