ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် မြေနိမ့်ပိုင်းကျရောက်သော နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွား
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုခြင်းနှင့် တောင်ကျရေအများအပြားကျဆင်းမှုကြောင့် ရေစီးမြောင်းများမှတဆင့် ရေကြီးရေလျှံကာ မြေနိမ့်ပိုင်းကျရောက်သော နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။