မိုင်းပန် ဇူလိုင် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မိုးစပါး၊ မျိုးစေ့ထုတ်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုဓါတ်မြေဩဇာ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်မိုးက မိုးစပါးမျိုးစေနှင့် သွင်းအားစုဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသူများက လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသသည့်စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)