မိုင်းယုမြို့၌ နမ့်လွေချောင်းရေများ ပြန်လည်ကျဆင်း၍ ရေဝင်ရောက်ခဲ့သည့် ချောင်းဘေးနေအိမ်များ သန့်ရှင်းရေးပြန်လည်ပြုလုပ်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လွေချောင်းရေမြင့်တက်ကာ ချောင်းဘေးနေအိမ်များသို့ ရေများဝင်ရောက်ခဲ့ရပြီး ဇူလိုင် ၂၈ ရက်နေ့ ညနက်ပိုင်းအချိန်၌ နမ့်လွေချောင်းရေများ ပြန်လည်ကျဆင်း၍ ယနေ့နံနက်ပိုင်းတွင် ရေဝင်ရောက်သည့် ချောင်းဘေးနေအိမ်များကို သန့်ရှင်းရေးဝိုင်းဝန်းပြုလုပ်နေကြသည်။