ရခိုင်ပြည်နယ်

တောင်ကုတ်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငပလီမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နေ့လယ်ပိုင်းက အ.ထ.က ငပလီ​ကျောင်း​ခန်းမ၌ ကျောင်းသား/ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက အ.ထ.က ကျိန္တလီကျောင်းရှိ ဆရာ/မများနှင့် ကျန်းမာရေးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ဂွမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်း၌ ကျောင်းသားကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ကျိန္တလီမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။

ကျောက်ဖြူမြို့၊ ငလပွေ့ချောင်းအတွင်းသို့ ရေငန်ပုစွန်သားပေါက်ကောင်ရေ (၁၅)သိန်း မျိုးစိုက်ထည့်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေငန်ပုစွန်သားဖောက်စခန်းမှကြီးမှူး၍ ရေငန်ပုစွန်သားပေါက်ကောင်ရေ(၁၅)သိန်း မျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ချောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအားတွေ့ဆုံ

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်၍ ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး မိမိတို့ဒေသများ၌ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံပြီး ဂုဏ်ပြုအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားနှင့် နှစ်သစ်ကူးမဟာပဋ္ဌာန်းဒေသာနာတော်နှင့် ဥပ်ပါတသန်တိပရိတ် တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားသို့တက်ရောက်

ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးတက်ရေးစီမံကိန်း အစီအစဉ်ဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

ကျောက်ဖြူမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် နေ့တွင်ကျရောက်မည့်(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက အခြေခံပညာကျောင်းများသို့သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်