သံတွဲခရိုင်ခရီးစဉ် ဒေသစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သံတွဲခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးနှင့် ငပလီဟိုတယ်ဇုန်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။