မောင်တော ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲများကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမအတွင်း ပြုလုပ်ခဲ့သည်။
မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယလက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ ရုံးအကူနှင့် စာပို့ နေရာများခန့်ထားနိုင်ရန်အတွက် အရည်အချင်းစစ် စာမေးပွဲပြုလုပ်ခြင်းဖြစ်ပြီး ရေးဖြေစာမေးပွဲတွင် မြန်မာစာနှင့် အင်္ဂလိပ်စာများကို ဖြေဆိုကြရပြီး လူတွေ့စစ်ဆေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြကြောင်း၊ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒုတိယ လက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူး နှစ်နေရာ၊ ရုံးအကူ နှစ်နေရာနှင့် စာပို့တစ်နေရာ လစ်လပ်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)