ကျိန္တလီမြို့တွင်(၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အတန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ အေးချမ်းစွာ စတင်ဖြေဆို

ကျိန္တလီ  ဇန်နဝါရီ  ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့အတွင်းရှိ အခြေခံကျောင်းများတွင်(၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အတန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ကျိန္တလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဇန်နဝါရီလ(၂၉)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးညဏ်လင်းနှင့်ကျိန္တလီမြို့အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ကြည်ကြည်မြင့်တို့၏ ကြီးကြပ်လမ်းညွန်မှုဖြင့် မြို့တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ဆရာ၊ဆရာမများနှင့်ကျောင်းသားမိဘများက ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ကျိန္တလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-4မှ ကျောင်းသား၊ကျောင်းသူများက တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် ဇန်နဝါရီလ(၃၁)ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ပြီး  Grade-6၊ Grade-7၊ Grade-8၊ Grade-10၊ Grade-11၊ Grade-12မှ ကျောင်းသား၊ကျောင်းသူများက တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်  ဖေဖော်ဝါရီလ(၄)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြက်