ရခိုင်ပြည်နယ်

မာန်အောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5) ဗဟိုအဆင့် နည်းပြ(TOT) Online သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5) ဗဟိုအဆင့် နည်းပြ(TOT)Online သင်တန်းကို ယမန်နေ့နံနက်၉နာရီမှ စတင်၍ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၂/၂၀၂၂) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက် ထိုးနှံပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး Phase 9၊ First Doseနှင့် Phase 8၊Second Doses ၊Booster dose အကြိမ်များကို ယနေ့နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5)ဗဟိုအဆင့် နည်းပြ (TOT)Online သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ(TOT)Online သင်တန်းကို ယနေ့၊ နံနက်(၉)နာရီမှ စတင်၍ မြို့နယ်ပညာရေးမှူးရုံး၏ အစည်းအဝေးခန်းမတွင် Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။

ကျောက်တော်မြို့နယ် Community Centre ခန်းမတွင် အလယ်တန်းအဆင့် အခြေခံပန်းချီနှင့် အင်္ဂလိပ်စာသင်တန်း (အခမဲ့)ဖွင့်လှစ်

မြောက်ဦးခရိုင်၊ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် မေတ္တာဥယျာဉ်ပရဟိတကျောင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် အလယ်တန်းအဆင့် နွေရာသီအခြေခံပန်းချီနှင့် အင်္ဂလိပ်စာသင်တန်း(အခမဲ့)ဖွင့်ပွဲကို ဧပြီလ ၂၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မင်းပြားမြို့နယ် ဘားဘူတောင်ကျေးရွာအုပ်စု ဘူးပင်ကျေးရွာ၌ မီးဘေးလုံခြုံရေးကွင်းဆင်းဆောင်ရွက်

ယခုအချိန်သည် ပူပြင်းခြောက်သွေေ့သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မင်းပြားမြို့နယ် ဘားဘူတောင်ကျေးရွာအုပ်စု ဘူးပင်ကျေးရွာအား မီးဘေးလုံခြုံရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဘူးသီးတောင်မြို့၌ စျေးရောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဇံ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်းကာ အမှတ် (၁)ရပ်ကွက်နှင့် အမှတ် (၂)ရပ်ကွက်ရှိ စျေးဆိုင်ခန်းများ၌ စျေးရောင်းသူများ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများအား ယနေ့နံနက် (၁၁) နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5) ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်းကို ယနေ့ နံနက်(၉)နာရီမှ စတင်၍ မြို့နယ် ပညာရေးမှူးရုံး၏ အစည်းအဝေး ခန်းမတွင် Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

သံတွဲခရိုင်၊ ငပလီမြို့၊ ငပလီကမ်းခြေ၌ အမှိုက်ကင်းစင်စေရေးအတွက် ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊​ သံတွဲခရိုင်၊ ငပလီမြို့၊ ငပလီပလီကမ်းခြေသည် အထင်ကရ ကမ်းခြေဖြစ်သော ကြောင့် အမှိုက်ကင်းစင်သည့် ကမ်းခြေဖြစ်စေရန်အလို့ငှာ ငပလီကမ်းခြေ Public Area များနှင့် ကမ်းခြေတစ်လျှောက်နေရာများတွင် အမှိုက်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

သံတွဲမြို့၌ သင်ရိုးသစ် Grede-5 ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်းဖွင့်လှစ်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်Grede-5 ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းကို ယနေ့နံနက် ၉ နာရီက တစ်နိုင်ငံလုံးတစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ သံတွဲမြို့၌ အထက(ခွဲ) ငကျော်တောင် ကျောင်းတွင် စုပေါင်းတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်