ရသေ့တောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5)ဗဟိုအဆင့် နည်းပြ (TOT)Online သင်တန်းဖွင့်လှစ်

ရသေ့တောင် ဧပြီ ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ(TOT)Online  သင်တန်းကို ယနေ့၊ နံနက်(၉)နာရီမှ စတင်၍ မြို့နယ်ပညာရေးမှူးရုံး၏ အစည်းအဝေးခန်းမတွင် Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးထွန်း‌‌ရွှေက ဆရာ၊ ဆရာမတို့ အနေဖြင့် သင်ကြား၊ သင်ယူမှု တို့နှင့်ပတ်သက်၍ သင်ရိုးသစ်(Grade-5)သင်တန်းကို  ပညာရေးသုတေသန စီမံကိန်းနှင့်

လေ့ကျင့်ရေးဦးစီးဌာနမှ Online စနစ်ဖြင့် သင်ကြားပို့ချမှုတို့ကို အလေးထားသင်ယူ လေ့ကျင့်ပေးကြရန် ရှင်းလင်းမှာကြားပြီး၊ Generic Topics၊ ဘာသာရပ်အလိုက်ဖွဲ့စည်းပုံ၊ Video Lesson (နံရံကပ်စာစောင်လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိတို့နှစ်သက်သော အစားအစာပြုလုပ်နည်းနှင့် ပလစ်စတစ်အိတ်ကလေးခရီးစဉ် စသည့်ခေါင်းစဉ်များအလိုက် သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါ သင်ရိုးသစ်(Grade-5)ဗဟိုအဆင့် နည်းပြ(TOT)Online  သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ၊ (၅)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊သင်တန်းသို့ ဆရာ၊ ဆရာမ   ၆၀ ဦးတက်ရောက် သင်ယူလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)