ကျောက်တော်မြို့နယ် Community Centre ခန်းမတွင် အလယ်တန်းအဆင့် အခြေခံပန်းချီနှင့် အင်္ဂလိပ်စာသင်တန်း (အခမဲ့)ဖွင့်လှစ်

ကျောက်တော် ဧပြီ ၂၀

မြောက်ဦးခရိုင်၊ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် မေတ္တာဥယျာဉ်ပရဟိတကျောင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် အလယ်တန်းအဆင့် နွေရာသီအခြေခံပန်းချီနှင့် အင်္ဂလိပ်စာသင်တန်း(အခမဲ့)ဖွင့်ပွဲကို ဧပြီလ ၂၀ ရက် နံနက် ၁၀  နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက သင်တန်းဖွင့်လှစ် သင်ကြားပေးရသည့် ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။

အဆိုပါအလယ်တန်းအဆင့် ပန်းချီသင်တန်းကို သင်တန်းသား/သူ (၃၅)ဦး၊ အင်္ဂလိပ်စာသင်တန်းကို သင်တန်းသား (၃၀)ဦး တက်ရောက်မှာ ဖြစ်ပြီး သင်တန်းကာလမှ (၁)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/သူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီပညာကို တန်ဖိုးထား လေးစားတတ်စေရန်၊ အင်္ဂလိပ်စာတိုးတက်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရား ကောင်းမွန်စေရန်၊ နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်းသမီးကောင်းများ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်း များကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းသိရသည်။

ခင်မောင်ထွန်း (ပြန်/ဆက်)