ငပလီ ဧပြီ ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ငပလီပလီကမ်းခြေသည် အထင်ကရ ကမ်းခြေဖြစ်သော ကြောင့် အမှိုက်ကင်းစင်သည့် ကမ်းခြေဖြစ်စေရန်အလို့ငှာ ငပလီကမ်းခြေ Public Area များနှင့် ကမ်းခြေတစ်လျှောက်နေရာများတွင် အမှိုက်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် သံတွဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ငပလီမြို့ဌာနဆိုင် ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတာအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီအချိန်တွင် စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သန်းနု(ငပလီ၊ပြန်/ဆက်)