ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5) ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်း ဖွင့်လှစ်

ပုဏ္ဏားကျွန်း ဧပြီ ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်းကို ယနေ့ နံနက်(၉)နာရီမှ စတင်၍ မြို့နယ် ပညာရေးမှူးရုံး၏ အစည်းအဝေး ခန်းမတွင် Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က ဆရာ၊ ဆရာမတို့အနေဖြင့် သင်ကြား၊ သင်ယူမှုတို့ နှင့်ပတ်သက်၍ သင်ရိုးသစ်(Grade-5)သင်တန်းကို  ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ Online စနစ်ဖြင့် သင်ကြားပို့ချမှုတို့ကို အလေးထားသင်ယူ လေ့ကျင့်ပေးကြရန် ရှင်းလင်း မှာကြားပြီး၊ Generic Topics၊ ဘာသာရပ်အလိုက်ဖွဲ့စည်းပုံ၊ Video Lesson (နံရံကပ်စာစောင်လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိတို့နှစ်သက်သော အစားအစာ ပြုလုပ်နည်းနှင့် ပလစ်စတစ်အိတ်ကလေးခရီးစဉ် စသည့် ခေါင်းစဉ်များအလိုက် သင်ကြားပို့ချ ပေးခဲ့သည်။

အဆိုပါ သင်ရိုးသစ်(Grade-5)ဗဟိုအဆင့် နည်းပြ(TOT)Online  သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ၊ (၅)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ သင်တန်းသို့ ဆရာ၊ ဆရာမ ၆၄ ဦး တက်ရောက် သင်ယူလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)