မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက် ထိုးနှံပေး

မာန်အောင် ဧပြီ ၂၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး Phase 9၊ First Doseနှင့် Phase 8၊Second Doses ၊Booster dose အကြိမ်များကို ယနေ့နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ရာနှန်းပြည့်မီအောင်ထိုးနှံရာတွင် ဆေးမထိုးနှံသေးသူများ မကျန်ရှိအောင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းက ကြီးကြပ်၍ ကျန်းမာရေး ဝန်ထမ်းများက ကောင်းသင်းကောက်စနစ်ဖြင့် ဆေးထိုးနှံသူများအား စာရင်းကောက်ယူခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများကို စနစ်တကျ ဆောင်ရွက်၍ ပုံမှန်ကျန်းမာရေး အခြေအနေရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးပြီး မိနစ် ၃၀ ခန့် စောင့်ကြည့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ကPhase 9၊First Dose ထိုးနှံသူ ၁၃ ဦး၊ Phase 8၊ Second Dose ထိုးနှံသူ ၁၄ ဦး၊ Booster Dose ထိုးနှံသူ ၇၈ ဦး၊ စုစုပေါင်း ၁၀၅ ဦး ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)