ဘူးသီးတောင် ဧပြီ ၂၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဇံ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်းကာ အမှတ် (၁)ရပ်ကွက်နှင့် အမှတ် (၂)ရပ်ကွက်ရှိ စျေးဆိုင်ခန်းများ၌ စျေးရောင်းသူများ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများအား ယနေ့နံနက် (၁၁) နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် စျေးရောင်းသူများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများအား တစ်ဦးချင်း စစ်ဆေးမေးမြန်းကာ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ်များ စစ်ဆေးခဲ့ကြပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးလက်မှတ်များ ပြသနိုင်ခြင်းမရှိသည့် စျေးရောင်းသူများအား ကာကွယ်ဆေး ထိုးနှံထားသည့် လက်မှတ်များရယူရန်နှင့် ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်အရေအတွက် ပြည့်ဝစွာ ထိုးနှံကြရန်မှာကြားခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြည်သူများအားလုံး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန်၊ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ mask များအခမဲ့ ဖြန့်ဝေပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးစီးမှု အခြေအနေများစစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှကျော် (ပြန်/ ဆက်)