မင်းပြားမြို့နယ် ဘားဘူတောင်ကျေးရွာအုပ်စု ဘူးပင်ကျေးရွာ၌ မီးဘေးလုံခြုံရေးကွင်းဆင်းဆောင်ရွက်

မင်းပြား ဧပြီ ၂၀

ယခုအချိန်သည် ပူပြင်းခြောက်သွေေ့သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မင်းပြားမြို့နယ် ဘားဘူတောင်ကျေးရွာအုပ်စု ဘူးပင်ကျေးရွာအား မီးဘေးလုံခြုံရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို  ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးလူမော်နှင့်တပ်ဖွဲ့ဝင်များက  မီးဘေး ကင်းဝေးစေရန်အတွက် မင်းပြားမြို့နယ် ဘားဘူတောင်ကျေးရွာအုပ်စု   ဘူးပင်ကျေးရွာရှိ လူနေအိမ်များအား  လျှပ်စစ်မီးကိုစနစ်တကျ အသုံးပြုတတ်စေရန်၊ ဟောင်းနွမ်းနေ သော ဝါယာကြိုးများ၊ မီးခလုတ် များအား အသစ်လဲလှယ်အသုံးပြုရန်၊  အမှိုက်များကို စနစ်တကျစွန့်ပစ်စေရန်၊ မီးဖိုမီး၊ လျှပ်စစ်မီး၊ ဆေးလိပ်သောက်ခြင်း၊ ဖယောင်းတိုင်မီးကို စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊  မီးသတ်ဆေးဗူး များနှင့် ကြိုတင်ကာကွယ်ထားရှိခြင်း၊ မီးသတိပေးဆိုင်ဘုတ်များအား ချိတ်ဆွဲခြင်း၊  မီးသတ် လှေကား၊ မီးသတ်ချိတ်များ၊ ရေအိတ်၊ သဲအိတ်များထားရှိခြင်းစသည့် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် တားဆီးရေးအတွက် အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။

သိန်းနုအောင်