မာန်အောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5) ဗဟိုအဆင့် နည်းပြ(TOT) Online သင်တန်းဖွင့်လှစ်

မာန်အောင် ဧပြီ ၂၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5) ဗဟိုအဆင့် နည်းပြ(TOT)Online သင်တန်းကို ယမန်နေ့နံနက်၉နာရီမှ စတင်၍ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ကျော်နိုင်က ဆရာ၊ ဆရာမတို့ အနေဖြင့် သင်ကြား၊ သင်ယူမှုတို့နှင့်ပတ်သက်၍ သင်ရိုးသစ်(Grade5) သင်တန်းကို  ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့် ရေးဦးစီးဌာနမှ Online စနစ်ဖြင့် သင်ကြားပို့ချမှုတို့ကို အလေးထားသင်ယူပြီး မြို့နယ်အဆင့် ဆင့်ပွား သင်တန်းများကိုလည်း ပို့ချရမည့်ဖြစ်သည့်အတွက် တတ်မြောက်အောင်သင်ယူကြရန် မှာ​ကြားပြီး၊ Generic Topics၊ ဘာသာရပ်အလိုက်ဖွဲ့စည်းပုံ၊ Video Lesson (နံရံကပ်စာစောင်လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိတို့နှစ်သက်သော အစားအစာပြုလုပ်နည်းနှင့် ပလစ်စတစ်အိတ်ကလေးခရီးစဉ် စသည့်ခေါင်းစဉ်များ အလိုက် သင်ကြားပို့ချပေးခဲ့သည်။အဆိုပါ သင်ရိုးသစ်(Grade-5)ဗဟိုအဆင့် နည်းပြ(TOT)Online  သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းတွင်သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာ၊ ဆရာမ ၃၆ဦးတက်ရောက် သင်ယူလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)