သံတွဲမြို့၌ သင်ရိုးသစ် Grede-5 ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်းဖွင့်လှစ်

သံတွဲ ဧပြီ  ၂၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်Grede-5 ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းကို ယနေ့နံနက် ၉ နာရီက တစ်နိုင်ငံလုံးတစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ သံတွဲမြို့၌ အထက(ခွဲ) ငကျော်တောင် ကျောင်းတွင် စုပေါင်းတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်ရေး အတွက် အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grede-5 ၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို ဧပြီ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ သင်ကြားပို့ချ သွားမည်ဖြစ်သည်။

သင်တန်းတွင် ဗဟိုနည်းပြများအဖြစ် သံတွဲမြို့နယ်အတွင်းမှ မူလတန်းကျောင်းအုပ် ၅၈ ဦး တက်ရောက် သင်ကြားလျက်ရှိရာ သံတွဲမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးထွန်းထွန်းနိုင်နှင့် လက်ထောက်ပညာရေးမှူး နှစ်ဦးတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဗဟိုအဆင့် နည်းပြများက သင်တန်းပြီးဆုံးပါက သံတွဲမြို့နယ် အတွင်းရှိ ဘာသာရပ်သင် ဆရာ၊ ဆရာမများအား ဆင့်ပွားသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း ဒုတိယ ပညာရေးမှူး ဦးထွန်းထွန်းနိုင်ထံမှ သိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)