အမ်းဒေသကုန်စည်ပို့ဆောင်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးသောင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ကြိုဆို
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ရှိ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် အမ်းဒေသ ကုန်စည်ပို့ဆောင်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် အမ်း-ပဒါန်းလမ်းကြောင်းပေါ်မှတဆင့် ကုန်စည်ပို့ဆောင်ရေးယာဉ်(၂၇)စီးဖြင့် ရောက်ရှိလာသော ဆန်နှင့်အခြေခံစားသောက်ကုန်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ်များသည် အမ်းမြို့သို့ မေလ(၂၉)ရက်နေ့ ညနေ (၁၄း၀၀)နာရီခန့်တွင် ရောက်ရှိကြောင်း သိရသည်။