ကျောက်တော်မြို့၌ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ၊မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြော
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)တွင် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ ရတနာခန်းမဆောင်အတွင်း၌ ပြုလုပ်ခဲ့သည်။