မာန်အောင်မြို့နယ်တွင်(ဆဋ္ဌမ)အကြိမ်မြောက်နိုင်ငံတော်ဘာသာနေ့နှင့် မေတ္တာအခါတော်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့်ဆွမ်းဆန် စိမ်းလောင်းလှူပွဲကျင်းပ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်(ဆဋ္ဌမ)အကြိမ်မြောက် နိုင်ငံတော်ဘာသာနေ့နှင့် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ အထိမ်း အမှတ်အခမ်းအနားနှင့် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတနာရှင် လူမှုကူညီရေးအသင်း(နာရေး)မှ ဦးဆောင်၍ ယနေ့မွန်းလွဲ၁နာရီက မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။