အမ်းမြို့နယ် တပ်တောင်မြို့ရှိ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

အမ်း ဩဂုတ် ၃၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမ်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း ကြီးကြပ်မှုဖြင့် e-ID Software အတွင်း (နိုင်)မရှိသူအရေအတွက် လျှော့ချနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် တပ်တောင်မြို့ရှိ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို ယမန်နေ့‌က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်အဆင့် (၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြားဆောင်ရွက်ပေးခြင်းကို မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးတင်မင်းလတ်နှင့် ဝန်ထမ်းများက တပ်တောင်မြို့ အထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ နိုင်ငံသားကတ်မရှိသည့် ကျောင်းသား၊ ကျောင်းသူ ကျား(၄၅) ဦး မ(၄၇) ဦး ပေါင်း (၉၂)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

စိုးမင်းထွန်း