ရခိုင်ပြည်နယ်

မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာအခြေခံ ပညာမူလွန်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

အမ်းမြို့အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့လေယာဥ်ကွင်း ရပ်ကွက်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကိုယမန်နေ့နေ့လည်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၌ သီတင်းကျွတ်ကာလတွင် ဆီမီးဖောင်အလှပြိုင်ပွဲကျင်းပမည်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ သီတင်းကျွတ်ကာလတွင် ဆီမီးဖောင်လှည့်လည် ပူဇော်ခဲ့တဲ့ဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ပုဏ္ဏားကျွန်းမြို့နယ် လူငယ်များ အစည်းအရုံးမှဦးစီးပြီး ဆီမီးဖောင်အလှပြိုင်ပွဲတစ်ခု ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများ အရောက်စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

သံတွဲမြို့၌ ဒွါရာဝတီကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

သံတွဲခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဘောလုံးဝါသနာရှင်များ စုပေါင်းကျင်းပသည့် ဒွါရာဝတီကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက သံတွဲခရိုင် မြို့မအားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။

ဂွမြို့ ဒေါင့်ချောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဂွမြို့၊ ဒေါင့်ချောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre )၌ မူလတန်းကလေးငယ်များ ကာယ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ကလေးငယ်များ၏ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေပြီး ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်ကာယဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် မုန့်စားပြိုင်ပွဲနှင့် အပ်ချည်ထိုး ပြိုင်ပွဲများကို  ယနေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြေပုံမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားအုန်းဆီ (၁) ပိဿာလျှင် (၅၀၀ဝိ/-) ကျပ်နှုန်းဖြင့် လက်လီ ရောင်းချပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယနေ့ ညနေ (၃) နာရီအချိန်က သဲတန်းရပ်ကွက်ရှိ ပြည်သူများသို့ စားအုန်းဆီများ လက်လီ ရောင်းချ ပေးလျက်ရှိသည်။

ပေါက်တောမြို့တွင်ဒေသခံ ပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှဦးစီး၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပေါက်တောမြို့တွင် ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လက်ဝဲသလုံးတော်ဓာတ်စေတီတော်မြတ် ထီးတော်တင်လှူနိုင်ရေးနှင့် ဓမ္မာရုံပြန်လည်ပြုပြင်နေမှုကြည့်ရှု၊ တိုင်းရင်းသားလူငယ်များအတွက် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ် ထီးတော်တင်လှူနိုင်ရေးနှင့်ဓမ္မာရုံပြန်လည်ပြုပြင်နေမှု ကြည့်ရှုပြီး စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပသော တိုင်းရင်းသားလူငယ်များအတွက် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်