မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာအခြေခံ ပညာမူလွန်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

တောင်ပြိုလက်ဝဲ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သင်္ဘောလှကျေးရွာ၊ အခြေခံပညာမူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးလှစိန်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးသိန်းနိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းအား စတင်ကျင်းပရာ Grade - 6 မှ ကျောင်းသား မောင်ကျော်အေးလှိုင်က လူငယ်နှင့်လူမှုဆက်ဆံရေး၊ Grade - 6မှ ကျောင်းသူ မအေးမေသန်းက   လူငယ်နှင့်ပညာရေး၊ Grade- 5 မှ ကျောင်းသား မောင်ဝင်းနိုင်က လူငယ်နှင့်ဘဝရည်မှန်းချက်၊ Grade - 6မှ ကျောင်းသူ မသန်းသန်းအေးက လူငယ်နှင့်ပရဟိတစိတ် အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြေကြားပြီး အပြန်အလှန် ဆွေးနွေးကြသည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသထားသော စာအုပ်/စာစောင်တို့ကို ကျောင်းသား/ကျောင်းသူလေးများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)