ပေါက်တောမြို့တွင်ဒေသခံ ပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ပေါက်တော  အောက်တိုဘာ ၉

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှဦးစီး၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပေါက်တောမြို့တွင် ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုန်းဆီများကို ကာလ ပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ပေါက်တောမြို့ရှိ  ပြည်သူများအား စားအုန်းဆီ   ၅၅၀ ပိဿာကို သက်သာသောဈေးနှုန်ဖြင့် ရောင်းချပေးခဲ့သည်။

ပေါက်တောမြို့ရှိ ပြည်သူများအားစားအုန်းများဆီကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယခုလအတွင်း စားအုန်းဆီပိဿာ ၂၇၅၀ ပိဿာကို ရောင်းချပေးရန်လျာထားပြီး၊ ယနေ့အထိ စားအုန်းဆီ ၁၁၀၀ ပိဿာကို ရောင်းချပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)