ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများအား စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်ရေးအတွက် ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာအုပ်စု၌ ယနေ့၊ နံနက်ပိုင်းတွင် ဆက်လက်ရောင်းချပေးလျက်ရှိသည်။