အမ်းမြို့အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

အမ်း အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ်၊ အမ်းမြို့လေယာဥ်ကွင်း ရပ်ကွက်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကိုယမန်နေ့နေ့လည်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးစန်းဝင်းနှင့် ဝန်ထမ်းများ၊ စာရေးဆရာဓညမောင်နေထွန်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်သန်းနှင့်၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

လူငယ်အသိပညာပေးဟော ပြောပွဲအခမ်းအနားတွင် အမှတ် (၃)​အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးမောင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် လူငယ်ဘဝမှပင် ဗလငါးတန်နှင့်ပြည့်စုံသည် လူငယ်များဖြစ်လာစေရန် ကြိုးစားသင်ယူကြစေလိုကြောင်း လူငယ်စကားဝိုင်းမှရရှိသော အသိပညာဗဟုသုတများကို လေ့လားမှတ်သားကြပြီး လိုက် နာကျင့်သုံးကြစေလိုကြောင်း အချိန်ကိုအကျိုးရှိရှိ အသုံးချကြရန်ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက ကျောင်းသား/ကျောင်းသူများအား စာပေဖတ်ရှုကြခြင်းဖြင့် ဘဝအောင်မြင်ရေးနည်းလမ်းများ၊ အနာဂတ်လူငယ်များအတွက် လင်းရောင်ခြည်၊ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော် ၏ လူမှုရေးဦးတည်ချက် တတိယအချက်တွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့်အချက်ချမှတ်ထားပါကြောင်း ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ပညာတတ်မြောက်မှုက အလွန်ပင်အရေးကြီးပါကြောင်း အထူးသဖြင့် မိမိတို့နိုင်ငံရဲ့ လူဦးရေသုံးပုံတစ်ပုံက လူငယ်တွေဖြစ်ကြပြီး လူငယ်တွေပညာ တတ်မြောက်မှုမြင့်မားမှသာ တိုင်းပြည်၏အနာဂတ် ကာလဖွံ့ဖြိုးသာယာမှာဖြစ်ကြောင်းနှင့် ပညာဖြင့်လူမှုဘဝမြှင့်တင်ခြင်း အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းအားကျင်းပခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အနာဂတ်တိုင်းပြည်တာဝန်များကို ပခုံးပြောင်းထမ်းရွက်ကြမည့် ကျောင်းသား/ကျောင်းသူ လူငယ်များ၊ မိမိဒေသမှာ ခေါင်ဆောင်တာဝန်ယူကြမဲ့လူငယ်များ  အသိပညာဗဟုသုတတိုးပွားစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေး နွေးတတ်သည့်အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေပြီး အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် စကားပြောဆိုခွင့်ကြုံ ကြိုက်တဲ့အခါပြောရဲ ဆိုရဲသည့် သတ္တိရှိလာစေပြီး ပြောတတ်ဆိုတတ်စေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ အမှတ်(၃) အ.ထ.က Grade- 12 မှ မောင်ပြည့်ဖြိုးအောင်က လူငယ်နှင့်စာပေအ​ကြောင်းအရာများကိုလည်းကောင်း Grade-12 ကျောင်းသား မောင်ငြိမ်းငြိမ်းနိုင်က လူငယ်နှင့်ပညာရေးခေါင်စဥ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူမနော်မင်းဒီက လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသားမောင်စံရွှေက လူငယ်စာပေနှင့်စာဖတ်ခြင်းခေါင်းစဥ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးဦးစန်းဝင်းနှင့် ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်အသိပညာပေး ဟောပြောပေးသောစာ​ရေးဆရာဓညမောင်နေထွန်းနှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်  ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊မူး ယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ​ပြသထားမှုများတို့အား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြရာ မြို့နယ်ဦးမှူးဦးစန်းဝင်းက ကျောင်းသား/ကျောင်းသူများအား ကလေအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်ပါ အကြောင်းအရာများနှင့်သိရှိလိုသည်များအား ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)