ရခိုင်ပြည်နယ်

မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ပြည်သူများအား မီးပေါ့ဆမှု မရှိရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးပိုစတာများကို ယနေ့နံနက် ၉ နာရီအချိန်က အများပြည်သူသိရှိနိုင်စေရန် လမ်းဆုံနေရာများတွင် စိုက်ထူခဲ့သည်။

သမဝါယမအသင်းသား​တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှု အ​ခြေအ​နေအား ကွင်းဆင်း ကြည့်ရှု

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးမှုများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ​ဂါယ်​လောင်းကျေးရွာ၊ စံပြစိုက်ပျိုး​ရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းရှိ အသင်း သားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး အထွက်နှုန်း ကောင်းမွန်ရေးနှင့် ပျက်စီးလေလွင့်မှုနည်းပါးရေးဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။

ကျိန္တလီမြို့ (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ ညနေပိုင်းက Book Clup အဖွဲ့ဝင်များဖြင့်စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ် Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မအီမြို့တွင် အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သည့် အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို တောင်ကုတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မအီမြို့ပေါ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများထံသို့ ယမန်နေ့နေ့လယ်ပိုင်းက အိမ်တိုင်ရာ​ရောက် သွား​ရောက် ပေးအပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ စတင်ကောက်ယူလျက်ရှိရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊မောင်တောမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကောက်ယူလျက်ရှိရာ ယမန်နေ့နေ့လယ် ၁ နာရီအချိန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌   မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၃ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း Biometric Enrollment And UID Management System အသုံးပြု အချက်အလက်ကောက်ယူခြင်းလုပ်ငန်း ကြည့်ရှုအားပေး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်ရုံးတို့မှ ဝန်ထမ်းများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ Biometric Enrollment And UID Management System အသုံးပြုအချက်အလက်ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက်အလက်များ စတင်ကောက်ယူ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက Biometric အချက်အလက်များ စတင်ကောက်ယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့၌ လက်တွေမီးငြှိမ်းသတ်မှုသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မီးဘေးလုံခြုံရေးနှင့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကို ညောင်ပင်ဈေးရပ်ကွက်၊ ICRC ရုံး၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က လက်တွေမီးငြှိမ်းသတ်မှုသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်