မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

မြောက်ဦး အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ပြည်သူများအား မီးပေါ့ဆမှု မရှိရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးပိုစတာများကို ယနေ့နံနက် ၉ နာရီအချိန်က အများပြည်သူသိရှိနိုင်စေရန် လမ်းဆုံနေရာများတွင် စိုက်ထူခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေး မြေစိုက်ပိုစတာဆိုင်းဘုတ်တွင် “သင့်ကြောင့်မီးမလောင်ပါစေနှင့်”၊မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ဆက်သွယ်နိုင်ရန် အရေးပေါ်ဖုန်းနံပါတ်များ စသည့် အသိပညာပေး ပိုစတာများကို အများပြည်သူမြင်သာသည့် အလယ်ဈေးရပ်ကွက် လမ်းဆုံ၊ ဒိုင်းကျီ၊ အောင်စေတီ ယာယီခိုလှုံရာစခန်းနှင့် မြို့ပေါ်ရပ်ကွက်များတွင် မြောက်ဦးခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ စိုက်ထူခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)