ရခိုင်ပြည်နယ်

သံတွဲမြို့၌ လူပုဂ္ဂိုလ်များဆိုင်ရာ စာပေသင်တန်း စာအောင်ဆုချီးမြှင့်ပွဲကျင်းပ

သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ လူပုဂ္ဂိုလ်များဆိုင်ရာ အဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်၊ စာမေးပွဲအောင်မြင်သူများနှင့် အဘိဓမ္မဓရဘွဲ့ရရှိသူများအား စာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က သံတွဲမြို့ သာသနာ့ ဗိဗ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် ဟိုတယ်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်သည် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က သံတွဲမြို့နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။         

ရမ်းဗြဲမြို့၌  မိုးစပါးစံကွက်  ရိတ်သိမ်းပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၊ ရွာကြီးကျေးရွာအုပ်စု၊ နားမူးတွေကျေးရွာ၌၊ ရမ်းဗြဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့၌ နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Bio graphic)ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

ရခိုင်ပြည်နယ် စစ်တွေရိုင် ရသေ့တောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦး‌ရွှေသာ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ရသေ့တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မိသာစုဝင်များအား နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရသေ့တောင်မြို့၊ ပြည်သူ့ဆေးရုံသံဃာဆောင်တွင် ပြုလုပ်ပြီးအသက်(၁၈)နှစ်အထက် နိုင်ငံသားကတ်ပြားရှိသူများအား ကောက်ယူလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အဆင့်မြင့် အမျိုးသမီးအိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် ၅ ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် ၅ ဖွင့်ပွဲကို ယမန်နေ့ နံနက်၉ နာရီ အချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အောင်မြေသာစည် ပရိယတ္တိ စာသင်တိုက် ဓမ္မစကူးလ်သင်တန်းကျောင်းတွင် တေးကဗျာပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် အမှတ်(၈)ရပ်ကွက်၊ အောင်မြေသာစည် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယ(သာသနဓဇ ဓမ္မာစရိယ) ကြီးမှူး၍ အောင်မြေသာစည် ဓမ္မစကူးလ်သင်တန်းကို ဇွန်လ ၁၈ ရက်နေ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် (၇)နာရီမှ (၁၀)နာရီ အထိ ကျောင်းသား/သူ(၂၀၀)ဦးခန့်ဖြင့် ဖွင့်လှစ်ခဲ့ရာ အောက်တိုဘာလ ၂၂ ရက်နေ့တွင် သင်ခန်းစာ နှစ်ဝက်စစ်ဆေးခြင်းနှင့် တေးကဗျာပြိုင်ပွဲကို ကျင်းပခဲ့သည်။

မာန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို လစဥ်ပုံမှန်ထုတ်ပေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား၂၀၂၃-ခုနှစ် အောက်တိုဘာလအတွက် ပင်စင်လစာငွေများကို ယခုလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ ဘဏ်ဖွင့်ရက်များတွင် နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီထိ ထုတ်ပေးလျက်ရှိ​သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် (Rakhine Economic Forum 2023) ဖွင့်ပွဲတက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြည်နယ်အတွင်း ဒေသခံစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့်ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ ရည်ရွယ်ကျင်းပသည့် ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် (Rakhine Economic Forum 2023)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ ရခိုင်လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီကုသမှုများရရှိနိုင်စေရေး ဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ခေတ်မီစက်ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ အထူးကုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆေးပညာရှင်များ လေ့ကျင့်မွေးထုတ်ခြင်း၊ အထူးကု ပြင်ပလူနာဌာနများ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်နေသကဲ့သို့ အဆိုပါ အထူးကုဘာသာရပ်ဆိုင်ရာ ကုသမှုများကို နိုင်ငံသားများအားလုံး လက်လှမ်းမီရရှိနိုင်ရေးအတွက် အထူးကုသမှုလိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန် ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သော ကုသမှုများရရှိနိုင်စေရန် ရန်ကုန်/မန္တလေးမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့်အထူးကု ဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ပိုင်းကစ၍ မြန်မာစီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်