မအီမြို့တွင် အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

မအီ    အောက်တိုဘာ    ၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သည့် အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို တောင်ကုတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မအီမြို့ပေါ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများထံသို့ ယမန်နေ့နေ့လယ်ပိုင်းက အိမ်တိုင်ရာ​ရောက် သွား​ရောက် ပေးအပ်ခဲ့ကြသည်။

လူမှုရေးပင်စင်​ထောက်ပံ့ငွေများကို သက်ဆိုင်ရာ စာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ဖော်ပြပါရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများထံ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာ​ရောက် သွား​ရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ လူမှုရေးပင်စင်​ထောက်ပံ့ငွေများပေးအပ်ရာ၌ အမှတ်(၁)ရပ်ကွက်တွင် (၂၂)ဦးနှင့် အမှတ် (၄)ရပ်ကွက်တွင် (၄၉)ဦး စုစုပေါင်း အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား (၇၁)ဦးတို့အတွက် တစ်ဦးလျှင် ၃၀၀၀၀/- ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၂၁)သိန်းကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာ​ရောက် ဆက်လက်ပေးအပ်​ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)