ကျိန္တလီ အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ ညနေပိုင်းက Book Clup အဖွဲ့ဝင်များဖြင့်စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ Book Clup ဥက္ကဋ္ဌ ဦးခင်မောင်ညိုက အလုပ်ဆိုတာအင်အားပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Clup အဖွဲဝင် ဦးကျော်မင်းသန်းက လုပ်ရဲ့တန်ဖိုးထဲမှာသိက္ခာပါနေတယ်ဆိုတာသတိထားကြစေလိုပါတယ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Book Clup အဖွဲ့ဝင်ဒေါ်မေမြင့်က အလုပ်လုပ်တဲ့နေရာမှာစေတနာပါပါစေ ခေါင်းစဉ်ဖြင့် လည်းကောင်းဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်လင်း