ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ စတင်ကောက်ယူလျက်ရှိရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး

မောင်တော အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊မောင်တောမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကောက်ယူလျက်ရှိရာ ယမန်နေ့နေ့လယ် ၁ နာရီအချိန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မောင်တောမြို့နယ်အတွင်းရှိ နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ဦးတည်ချက်အုပ်စုများအလိုက် ကောက်ယူမည်ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းနှင့်မှီခိုမိသားစုဝင်များ (နိုင်/ဧည့်/ပြုကိုင်ဆောင်ထားသူများ)၊ အသက် ၁၀ နှစ်နှင့်အထက်  ကျောင်းသား/သူများ (နိုင်/ဧည့်/ပြု ကိုင်ဆောင်ထားသူများ)၊ အကျဉ်းထောင်နှင့်အချုပ်ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းရှိဝန်ထမ်းများ၊ သာသနာ့ဝင်/ သာသနာ့နွယ်ဝင် ရဟန်း၊ သီလရှင်များ စသည့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင်ပြန်/ဆက်)