ဘူးသီးတောင် အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က "ကလေးအလုပ်သမားပပျောက်ရေး"နှင့် ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများ၊ အန္တရာယ်ရှိသည့်အလုပ်မျိုးနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုခံရသည့် အလုပ်လုပ်ကိုင်နေသည့် ကလေးများ၏ ဖွံဖြိုးမှုများကိုအသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးသူငယ် အခွင့်အရေးများ စသည့်အကြောင်းအရာများအား အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတရရှိစေရန် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊သူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ အ.လ.က(ခွဲ)မြို့သစ်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)