ဘူးသီးတောင် အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက Biometric အချက်အလက်များ စတင်ကောက်ယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းဦးဆောင်၍ ဝန်ထမ်းများက အထွေထွေအုပ်အုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုဝင်များအား Biometric အချက်အလက်များ စတင်ကောက်ယူရာတွင် နိုင်ငံငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်စေပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ Biometric Enrollment Application Form ပုံစံ(၁)ပါအချက်အလက်များ ဖြည့်သွင်းပြီး စာရင်ပေးသွင်းသူများအား QR ကုတ်များထုတ်ပေးလျက်ရှိပြီး အခြားဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မိသားစုဝင်များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းထံမှ သိရသည်။
လှကျော်(ပြန်/ဆက်)