မွန်ပြည်နယ်

ကျိုက်မရော၌ ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အရ အသက်၁၆နှစ်နှင့် ၁၈နှစ်ကြား (၁၈)နှစ်အထက် ကိုင်ဆောင်လက်မှတ် မရှိသေးသော ပြည်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီက ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကိုကိုလွင်နှင့် ဝန်ထမ်းများက ခရုံကျေးရွာ အလယ်တန်းကျောင်းခွဲ ခန်းမ၌ ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။

မော်လမြိုင်မြို့တွင် (၁၈၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော် လောင်းလှူပွဲ  ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာဆွမ်းဆန်တော်လောင်းလှူပွဲကြီးကိုနှစ်စဉ်  စည်ကားသိုက်မြိုက်စွာ    ကျင်းပလျက်ရှိရာ  ယခုနှစ်(၁၈၇)ကြိမ်မြောက်    ဆွမ်းဆန်တော် လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက ပြည်နယ်သာသနာ့ဗိမာန်တော်၌   ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီဆောင်ရွက်ခဲ့ရာ   မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မိခင်နှင့်ကလေး  စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များနှင့် အလှူရှင်ပြည်သူများက စုပေါင်းလောင်း လှူကြသည်။ 

ကျိုက်ထို မြို့နယ် လုံးကျွတ် ဝါဆိုသံဃာတော်များနှင့် သီလရှင်များအား ဆန်၊ဆီ၊ဆား၊ပဲ၊ လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ကျိုက်ထိုမြို့နယ်လုံးကျွတ် ဝါဆို သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ ကာလတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၄၁၉)ကျောင်းရှိ ရဟန်းသာမ‌ ဏေ နှင့် သီလရှင်(၃၇၆၄)ပါးအတွက် ဆန်၊ဆီ၊ဆား၊ပဲ၊လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။

မုဒုံမြို့၌ အောက်ဆီဂျင်စက်နှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီး၍ အောက်ဆီဂျင် အရည်များ အခမဲ့ဖြည့်သွင်းနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ဆရာတော်သံဃာတော်ကြီးများ၊ ဒေသခံ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လုပ်ငန်းရှင်များ၊ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းငွေဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီး၍ အောက်ဆီဂျင်အရည်များကို အခမဲ့ဖြည့်သွင်းနိုင်ပြီး  ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပေါင်မြို့နယ်တွင် တတိယအသုတ်အဖြစ် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးလျက်ရှိ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများကို ယနေ့နံနက် ၉ နာရီက တတိယ အသုတ်အနေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) စုရပ် (၇)နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန် လာသူတစ်ဦး၏ ရင်တွင်း စကားသံ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ပေါ် ရပ်ကွက်/ကျေးရွာများတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိသည်။ သထုံမြို့မှ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူတစ်ဦး၏ စကားသံများကိုလည်း ပြန်လည်မျှဝေ ဖော်ပြအပ်ပါသည်။

မွန်ပြည်နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ  အောက်တိုဘာ  ၁ ရက်  မွန်းလွဲပိုင်းက  ကျိုက်ထိုမြို့နယ်ရှိ   ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်သို့ ဖူးမြှော်ကြည်ညိုကန်တော့၍  ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး  အလှူငွေများ  ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။ 

ကျိုက်မရော၌ ကမ္ဘာ့ဆရာများနေ့အကြို ဟောပြောပွဲ ကျင်းပ

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးတို့ ပူပေါင်း၍၂၀၂၁ခု နှစ်၊ အောက်တိုဘာလ၅ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် "ဆရာကောင်းတပည့်"ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နေ့လယ်၁၁နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ ၌ကျင်းပခဲ့ သည်။

ရေးမြို့နယ် ရန်မျိုး​အောင်ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်း ပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ရန်မျိုးအောင်ရပ်ကွက် မရမ်းကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ရေးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်(Talk Show) ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ အပြည်ပြည်ဆိုင်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် (Talk Show)ကို ယမန်နေ့ မွန်းလွဲ ၁နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်