သံဖြူဇရပ် စက်တင်ဘာ ၂၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဒူးရင်းနှင့်ရော်ဘာသီးနှံစိုက်ပျိုးမှု မြေပြင်စိုက်ဧကနှင့် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ သိရှိနိုင်ရေးဆောင်ရွက်မည့် သုတေသန စစ်တမ်းကောက်ယူခြင်းလုပ်ငန်း ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မော်လမြိုင်ခရိုင်စိုက်ပျိုးရေးဦးစီဌာန ဒုတိယညွန်ကြားရေးမှူး ဦးတင်နိုင်ဦးက သုတေသနလုပ်ငန်းဆောင်ရွက်ရခြင်း အကြောင်းရင်းနှင့်ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မော်လမြိုင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာ၊ စီမံကိန်းတာဝန်ခံဦးအေးမင်းက သုတေသနလုပ်ငန်းနှင့်ပတ်သက်၍ ပြည်နယ်တိုင်းအလိုက် စိုက်ပျိုးမှုအခြေအနေနှင့်စိုက်ဧကများ၊ ကျေးရွာအလိုက်စိုက်ဧကနှင့်တောင်သူများ အခြေအနေနှင့်စစ်တမ်းကောက်ယူမည့်အချက်အလက်များကို ရှင်းလင်းဆွေးနွေးပြီး၊ တက်ရောက်လာကြသူများမှ သုတေသနလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)